#blog-pager{clear:both;margin:30px auto;text-align:center; padding: 7px; } .blog-pager {background: none;}

Tuesday, September 15, 2015

Windows အကြောင်းနှင့် Windows Genuine ပြသာနာ

WGA_Validation

Windows ဆိုသည်မှာ computer တစ်လုံး၏ အရေးအကြီးဆုံးသော
အစိတ်အပိုင်း တစ်ခုဖြစ်ပါ သည်။ Windows တွင် Window 98, Window XP,
Window Vista နှင့် Window 7 ဟူ၍ မျိုးစုံရှိပါ သည်။ အသုံးပြုရာတွင် style များ
လှပခြင်း၊
အဆင် သင့်အသုံးပြုနိုင်သည့် Software များထည့်သွင်း
ပေးထားခြင်း စသည်ဖြင့် Window တစ်ခုနှင့်တစ်ခု မတူသော်လည်း အခြေ
ခံအားဖြင့် Window တစ်ခု၏ လုပ်ဆောင်ချက် များမှာ အားလုံးအတူတူပင်
ဖြစ်ပါသည်။ တိတိကျကျ ပြောရမည်ဆိုပါက Window ဆို သည်မှာ
Microsoft မှ ထုတ်လုပ်ထားသည့် Operating System တစ်ခုပင် ဖြစ်
ပါ သည်။ Operating System တွင် System ၂ မျိုးရှိပါသည်။ ၄င်းတို့မှာ
DOS (Disk Operating System) နှင့် NOS (Network Operating System)
ဟူ၍ဖြစ်
ပါသည်။

DOS (Disk Operating System) တွင် သာမန်ကွန်ပျူတာမျာ၌ အသုံးပြု
သည့် Window များဖြစ်သည့် Microsoft Window XP, Window Vista
စသည်များနှင့် apple ၏ Window Mac အစရှိသည်တို့ပါဝင်ပါသည်။
NOS (Network Opera ting System) တွင်Microsoft Window Server,
Linux, Novell’s Netwar စသည်ဖြင့် ပါဝင်ပါ သည်။ များသောအားဖြင့်
NOS များကို သာမန် Client ကွန်ပျူတာများတွင် အသုံးမပြုပဲ Server အဖြစ်
အသုံးပြုသော ကွန်ပျူတာများတွင်သာ အသုံးပြုလေ့ ရှိပါ သည်။

ထူးခြားမှုတစ်ရပ်အနေဖြင့် Linux သည် ယခင်က Server များအတွက်
သာ ရည် ရွယ်၍ ထုတ်လုပ် သော်လည်း ယခုအခါ Client များတွင်အ
သုံးပြုနိုင်ရန် Version ကို ပါ ထုတ်လုပ်နေပြီဖြစ်ပါသည်။ ကွန် ပျူတာမှာ
အသုံးပြုနေတဲ့ Window တွင် windows Genuine ဆိုပြီး အောက်ဖော်ပြ
ပါ အတိုင်း Error Message တွေပေါ်လာခဲ့ရင် ပြုလုပ် ရန် နည်းလမ်းဖြစ်
ပါသည်။

WGA_Validation
၁။ Window Task Manager ကိုခေါ်၍ Process သို့ဝင်ကာ
wgatray.exe ကို End ပြုလုပ်ပေးရပါ မည်။
၂။ ကွန်ပျူတာကို Restart ချကာ Safe Mode သို့ ၀င်ရောက်ရပါမည်။
(ကွန်ပျူတာကို Restart ချပြီး နောက် F8 ကို နှိပ်၍ Safe Mode သို့ဝင်
ရောက်နိုင်ပါသည်။)
၃။ Safe Mode တွင် C:\Windows\System32\ သို့သွား၍
WgaTray.exe ကို Delet ရပါမည်။
၎။ ထို့နောက် ကွန်ပျူတာကို Restart ပေးလိုက်ပါက Window Genuine
ပြဿနာကို ရှင်းလင်း ပြီးဖြစ်ပါသည်။ သို့ရာတွင် အချို့ ကွန်ပျူတာ များတွင်
အထက်ပါ အတိုင်းပြု လုပ်သော်လည်း ဖြေရှင်း ပေးနိုင်ခြင်းမရှိပါက
အောက်ဖော်ပြပါအတိုင်း ဆက်လက် လုပ်ဆောင်ရပါမည်။

၅။ အဆင့် ၃ ထိလုပ်ဆောင်ရပါမည်။ ထို့နောက် C:\Windows\System32\
dllcache သို့သွား၍ WgaTray.exe ကို Delet ရပါမည်။
၆။ Registry Editor သို့ဝင်ရောက်ရပါမည်။ Start \ Run တွင် regedit
ဟုရိုက်၍ ၀င် ရောက်ရပါ မည်။
၇။ Registry Editor တွင် HKEY_LOCAL_MACHINE\ SOFTWARE\
Microsoft\ Windows NT\CurrentVersion\Winlogon\Notify သို့သွား
၍ WgaLogon Folder ကို Delet ပြုလုပ်ပေးရပါ မည်။
၈။ ထို့နောက် ကွန်ပျူတာကို Restart ပေးပြီးနောက် Window ပြန်တက်
လာသည့် အခါတွင် Window Genuine ပြဿနာကို ဖြေရှင်း ပြီးဖြစ်ပါသည်။

 
                                             Credit to : နည်းပညာများ ဖလှယ်ရာ

                                                           လေးစားစွာဖြင့်

No comments:

Post a Comment