#blog-pager{clear:both;margin:30px auto;text-align:center; padding: 7px; } .blog-pager {background: none;}

Thursday, April 30, 2015

Cyberlink-PowerDirector – Video Editor-Apk





မင်္ဂလာပါ
ဒီနေ့ ဘော်ဒါတွေနဲ့ စကား စမည်ပြော ကြရင်းနဲ့ Cyberlink ကြီးပဲ ပြောဖြစ်တယ် တစ်ယောက်
ကပြောတယ် ဖုန်းမှာတင်ပြီး ကလစ်ရနိုင်မယ့် Cyberlink Powerdirector Apk လေးများ မရှိ
ဘူး လားတဲ့...

ဟုတ်ပါတယ် Cyberlink ဆိုတာနဲ့ Powerdirector ကြီးကို အားလုံး သိကြမှာပါ၊ ကွန်ပျူတာ ပိုင်း
ဆိုင်ရာမှာ တကယ် မသိ မဖြစ် မတတ် မဖြစ်တဲ့ အပိုင်းပေါ့၊ ဗွီဒီယို စာတန်းထိုးကို အထူးလေ့
လာ လိုက်စားတဲ့ ဘော်ဒါတွေ အတွက် တကယ့်Pro ကြီး တစ်ယောက် ကဲ့သို့ လေ့လာနိုင်တဲ့
စပါယ်ရှယ် ၀မ်းကြီးပါ။

အဲဒီ ဆော့ဝဲကြီးကို ဖုန်းမှာ အသုံးပြု လို့ရအေင် Apk လေးကို အားလုံး အတွက် တင်ပေး လိုက်
ပါတယ်။

ဟိုတစ်လောက ကျနော် ကွန်ပျူ တာမှာ အသုံးပြုတဲ့ ဒီ Cyberlink Powerdirector အသုံးပြုနည်း
စာအုပ်နှစ်အုပ်ကို တင်ပေးဖူးပါတယ် မရသေး သူများကတော့ အောက်ကလင့်များမှာ ရယူလိုက်
ကြပါခင်ဗျား

CyberLink PowerDirector အသုံးပြုနည်း မြန်မာ စာအုပ်များ

ဒီ Apk လေးဟာ သင့် အတွက် ဖုန်းလေးမှာ အားအား ရှိတိုင်း အပျော်တမ်း ကလိရာ ကနေ စီး
ပွါးရေး တစ်ခုအထိ အထောက် အကူ ပြုပေးနိုင်မှာ လည်းဖြစ်ပါတယ်။

ပုံတွေကို ဖြတ်ညှပ်ကပ်၊ စာတန်ထိုး Slideshow တွေကို ကွန်ပျူ တာပေါ်က ဆော့ဝဲကြီး ကဲ့သို့
ထပ်တူ လုပ်နိုင်မှာလည်းဖြစ်ပါတယ်၊ တကယ်လန်းမှ လန်းပါ။

အလန်းဇယား effect တွေနဲ့ အမိုက်စား ဗီဒီယိုစာတန်းထိုး တစ်ခုကို ပြုလုပ်ချင်သပါ့ ဆိုရင်တော့
သင့် အတွက် တစ်ခု တည်းသော ရွေးချယ် မှုဟာCyberlink Powerdirector ပဲဖြစ်သင့် ပါတယ်။

amazing, awesome ဆိုတဲ့ အသုံးအနှုန်းကို ပြည့်ပြည့် ၀၀ ခံစား ကြည့်ချင်တယ် ပြီးတော့ HD
Quality နဲ့ မိမိ စိတ်ကူးလေးကို တစ်ခြား ဘော်ဒါတွေကိုလည်း ကြည့်ချင်တယ် ဆိုရင်တော့
Facebook, YouTube စတဲ့ Social Media တွေကိုလည်း အလွယ်တကူ Share လုပ်နိုင်ပါတယ်။

timeline interface တွေကို သင့်ဖုန်း ထဲမှာတင် တစ်ချက် ထောက်တာနဲ့ ကိစ္စပြီးနိုင်တဲ့ အပြင်
Effect ကောင်းကောင်းနဲ့ Professional HD Video တစ်ခုကိုအလွယ်တကူ ဖန်တီးယူနိုင်မှာ
လည်းဖြစ်ပါတယ်။

ဒီ Cyberlink Powerdirector Apk နဲ့ ဖန်တီးနိုင်တဲ့ နေရာမှာ ဓာတ်ပုံတွေ အတွက် ဆိုရင်တော့
JPEG, GIF, PNG, BMP, WebP စတဲ့ Format ဆိုက်တွေကို စိတ်ကြိုက် ဖန်တီး ရနိုင်သလို၊
သီချင်းတွေ အတွက် ဆိုရင်တော့ WAV, MP3, MP4, M4A, AAC စတာတွေအားလုံးကို အ
ဆင်ပြေပါတယ်။

Video Format ဆိုက်အတွက်က H.263 (.3GP, .MP4, .MKV), H.264 AVC (.3GP, MP4,
MKV), MPEG-4 SP (.3GP, MP4, MKV), VP8 (.MKV) စတဲ့ ကွန်ပျူတာ ပေါ်က ဆော့
ဝဲကြီး ကဲ့သို့ တကယ့် Pro အဆင့် အထိ စိတ်ကူး ကောင်းရင် ကောင်း သလို ဖန်တီး ယူနိုင်မှာ
လည်း ဖြစ်ပါတယ်။





မိမိဖုန်းမှာ အားအား ရှိတိုင်း ကလိကြည့်ရင်း ကနေ သင့်ရဲ့ အိမ်မက် Pro အဆင့်ကို တက် လှမ်း
ချင်တယ် ဆိုရင်တော့ ဒီ Apk လေးကို Phone & tablet တွေမှာ လုံးဝဆောင် ထားသင့်တဲ့ စ
ပါယ်ရှယ် ဆော့ဝဲ ဖြစ်ပါကြောင်း အကြံပြု ရင်း အသုံး လိုတဲ့ ဘော်ဒါတွေ ကတော့ အောက်က
လင့် များမှာ ဒေါင်းလော့ ရယူနိုင်ပါပြီ။

  • 23.5 MB ပဲရှိပါတယ်။
  • Tablet: Android 4.1 အထက်မှ အဆင်ပြေပါမယ်။
  • Smartphone: Android 4.3 အထက်ဖုန်းအားလုံးမှာအဆင်ပြေပါတယ်။

usersfiles.com
OR
zippyshare.com
OR
my.pcloud.com

No comments:

Post a Comment