#blog-pager{clear:both;margin:30px auto;text-align:center; padding: 7px; } .blog-pager {background: none;}

Monday, December 15, 2014

Galaxy S3,S4,Note,Note II အထက် ဖုန်းအားလုံးမှာ Root လုပ်စရာမလိုပဲ မြန်မာစာအမှန်ထည့်ပေးနိုင်တဲ့-iFont(Expert of Fonts) v5.2.1

iFont(Expert of Fonts) v5.2.1
မင်္ဂလာပါ
ကျနော် ဒီပိုစ့်လေးကို တင်ပေးချင်နေခဲ့တာကြာပါပြီမေ့မေ့နေတာနဲ့ အခုမှပဲ Official မှာဗားရှင်းအသစ်လေးတက်နေတာတွေ့လို့ သတိရတုန်းအားလုံးအတွက်တင်ပေးလိုက်ပါတယ်။
ဒီဆော့ဝဲလေးကို အသုံးပြုဖူးသူတိုင်းသိကြမှာပါ။ကျနော်ဒီ iFont လေးကို ရင်းနှင်းခဲ့တာ ပြီးခဲ့တဲ့နှစ်စပိုင်းလောက်ကပါဘော်ဒါတစ်ယောက်သူ့ဖိုင်းထဲမှာ ထည့်ပြီးစမ်းသပ်နေတာကို
တွ့ခဲ့ဖူးပါတယ်၊ သူ့ဖုန်းကမြန်မာဖောင့်လုံးဝအဆင်ပြေသွားတယ်အဲဒါနဲ့ပဲကျနော်လည်း Samsung ဖုန်းရယ် ဒိပြင် Font style ပါလာတဲ့ဖုန်းတော်တော်များများကို Root မလုပ်တော့ပဲ ဒီဆော့ဝဲလေးနဲ့သာ
မြန်မာစာကိုအလွယ်ထည့်ပြီးအသုံးပြုခဲ့တာပါ။ဒီဆော့ဝဲလေးကို Devekoper AHED KHALIL ကရေးဆွဲထားတာဖြစ်ပြီး Font အလှအတွက်ပဲဖြစ်ဖြစ်၊ No Root Device သမားများအတွက်ပဲ
ဖြစ်ဖြစ် ဒီဆော့ဝဲလေးက ဖောင့်အမှန်ကို ကူညီပေးသော Store ပေါ်ကသီးခြား ရပ်တည်လာခဲ့တဲ့ စပါယ်ရှယ် Creditable ဆော့ဝဲဖြစ်ပါတယ်။ကျနော်အခုကိုင်ထားတဲ့ဖုန်းဟာ Note II ပါ ၅ လတ်လောက်ရှိနေပါပြီRoot လုပ်ပြီးအသုံးမပြုချင်သေးတာနဲ့ ၀ယ်လာချင်းပဲ မြန်မာစာအတွက်
ဒီ iFont ထဲမှာ Zawgi One apk ကိုထည့်ပြီး ကီးဘုတ်အတွက်Frozen Keyboard ကို အင်စတောလုပ်ပြီးအသုံးပြုနေတာပါကြိုက်တဲ့ Browser တွေမှာ ရေးမလား။ ဖတ်မလား အကုန်မှန်ပါတယ်။
အထူးသဖြင့် ကျနော့်အတွေ့အကြုံအရတော့ Samsung ဖုန်းနဲ့ တက်ဘလက်တော်တော်များများမှာ တစ်ခြား စမတ်ဖုန်းတို့မှာ Font style ပါလာပြီးသားDevice မှန်ရင် Root လုပ်စရာမလိုပဲ ဒီဆော့ဝဲနဲ့ မြန်မာစာကို လုံးဝအမှန်ထည့်ယူနိုင်ပါတယ်။လက်တွေ့အသုံးပြုနည်းကိုတော့နောက်များကျနော် ကောင်းကောင်းပြပေးသွားမှာပါ။
 ပြီးတော့ Galaxy S3,S4,Note,Note II အထက် ဖုန်းအားလုံးမှာတကယ် Root လုပ်စရာမလိုပါ ဒီဆော့ဝဲလေးနဲ့ မြန်မာစာကိုအဆင်ပြေစေပါတယ်။ အသုံးပြုလိုတဲ့ ဘော်ဒါတွေကတော့
အောက်ကလင့်တွေမှာ အဆင်ပြေသလိုဒေါင်းယူနိုင်ပါပြီ။6.1 MB ပဲရှိပါတယ်။ 2.3 အထက် အားလုံးမှာ အဆင်ပြေပါတယ်။

Download Here

OR

Download Here

 ၁။ Apk လေးကို အင်စတောလုပ်လိုက်ပါ။

၂။ Zawgyi One apk လေးမရှိသေးရင်
 အောက်ကလင့်မှာ ဒေါင်းယူလိုက်ပါ။
Download Here

OR

Download Here

3. FrozenKeyboard 1.1.3.apk ကို
 အောက်ကလင့်မှာ ဒေါင်းယူပါ

Download Here

OR

Download Here

၎။ ဖောင့်နဲ့ကီးဘုတ် Apk များကိုအင်စတောလုပ်လိုက်ပါ
ပြီးတော့၊ Language input>>>Frozenkeyboard 1.1.3 Apk>>>
Default Font>>>Frozenkeyboard ကိုရွေးပေးပါ။

၅။ iFont ဆော့ဝဲကိုဖွင့်ပါ၊ My>>>My Install>>>Zawgyi One TTF
ဆိုတာကို နှိပ်လိုက်ပါ၊ Font Preview>>>Set ဆိုတာကိုနှိပ်လိုက်ပါ
ပြီးတော့ Display>>>Font style နေရာမှာ စောနားက
မိမိထည့်လိုက်တဲ့ Zawgyi One TTF ကိုအသုံးပြုမလားလို့မေးလာရင်
Yes ဆိုတာကိုနှိပ်လိုက်ပါ။

၆။ အားလုံးပြီးရင်တော့ Galaxy S3,S4,Note,Note II အထက်
ဖုန်းအားလုံးမှာ Root လုပ်စရာမလိုပဲ မြန်မာစာအမှန်ရပါပြီခင်ဗျား။
Reboot ချစရာကိုမလိုတာပါ၊

(နောက်များကျနော် ပုံလေးတွေနဲ့တကွ အသေးစစ်ရှင်းပြသွားမှာပါ
အခုတော ဒီလောက်ဆိုရင် အဆင်ပြေလောက်ပြီလို့ထင်ပါတယ်)

ခင်မင်လေးစားလျှက်


အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

No comments:

Post a Comment