#blog-pager{clear:both;margin:30px auto;text-align:center; padding: 7px; } .blog-pager {background: none;}

Wednesday, September 24, 2014

ဆံပင်သား သန်စွမ်း လှပရေး အတွက်

ဆံပင်တွေ နွမ်းနယ် ခြောက်သွေ့ပြီး ထိခိုက် ပျက်စီး နေပါသလား။ ဆံကေသာ ထိခိုက် နွမ်းနယ် မှုကြောင့် အလှပျက် နေတယ်လို့ ခံစားရရင် အောက်ပါ အိမ်တွင်း နည်းလမ်း တွေကို သုံးပြီး အလွယ်တကူ ကုသ ပေးသင့် ပါတယ်။
၁) ကြက်ဥ၊ ဘဲဥ
...
ထိခိုက်နေတဲ့ ဆံခြည်မျှင် အိတ်တွေ ပြန်လည် သန်စွမ်း ကျန်းမာ စေဖို့ ကြက်ဥ ဒါမှမဟုတ် ဘဲဥ နှစ်လုံးကို ပန်းကန်လုံး တစ်လုံးထဲ ထည့်ကာ မွှေပါ။ အဲဒီကြက်ဥ၊ ဘဲဥကို ခေါင်းလျှော်ပြီး ချိန်မှာ ကွန်ဒီရှင်နာ အဖြစ် အသုံးပြုပါ။ ကြက်ဥ၊ ဘဲဥ လိမ်းပြီး အချိန် တစ်မိနစ်- နှစ်မိနစ်ခန့် ထားပြီးမှ ရေနဲ့ ဆေးကြောချ လိုက်ပါ။ ဆံသား တောက်ပပြီး နူးညံ့ပျော့ပျောင်းသွားတာကို တွေ့ရပါလိမ့်မယ်။

၂) ငှက်ပျောသီး

ငှက်ပျောသီး ထဲမှာ ပါတဲ့ ပိုတက်စီယမ် ဓာတ်က လေမှုတ်စက်နဲ့ ဓာတုပစ္စည်း တွေကြောင့် ဆံပင်သား ခြောက်သွေ့ ပျက်စီးမှုကို သက်သာ စေပါတယ်။ ငှက်ပျောသီး အမှည့် တစ်လုံးကို ချောမွေ့တဲ့ အနှစ်ရတဲ့အထိ ကြိတ်ခြေပြီး ဆံပင်သား အနှံ့ လိမ်းကာ ဦးရေပြားကို နှိပ်ပေးပါ။

ဆံပင်သားကို ရေနဲ့ ဆေးမချခင် အချိန် ၁၅ မိနစ်လောက် ထားပါ။ ဆံပင်သားကို ကျန်းမာ စေတဲ့နည်း ဖြစ်ပါတယ်။

၃) မရောနိစ် (Mayonnaise)

ပေါင်မုန့်တွေမှာ သုတ်ပြီး စားလေ့ရှိတဲ့၊ အရွက်သုပ်ရာမှာ ထည့်စားတဲ့ မရောနိစ်က ခြောက်သွေ့နေတဲ့ ဆံပင်သားကို ကျန်းမာ လှပစေပါတယ်။ မရောနိစ်ကို ဦးရေပြား နေရာအထိ လိမ်းပြီး နှိပ်နယ်ပေးပါ။ အချိန် ၁၅ မိနစ်ကြာမှသာ ပုံမှန်အတိုင်း ခေါင်းလျှော် ပေးပါ။

Credit - မြ၀တီ

No comments:

Post a Comment